အုတ်ဖိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက(၁၀၀၃၇၄)ဧက စိုက်ပျိုးထားရှိ

အုတ်ဖို ဇူလိုင် ၁၁

အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၀၀၃၇၄)ဧကအထိ စိုက်ပျိုးထားကြောင်းသိရသည်။

အုတ်ဖိုမြို့နယ်အနေဖြင့် ယခင်နှစ်မိုးစပါးစိုက်ဧက(၁၀၀၃၇၁)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းပျှမ်းမျှ (၇၈.၄၅)တင်းနှုန်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာဖူလုံမှုမှာ (၃၄၇.၃၀)ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ်မိုးစပါးစိုက်ဧကကို ဒေသဝမ်းစာဖူလုံရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတို၍ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာကြောင်း အုတ်ဖိုမြို့နယ်တွင် ရတနာတိုး၊ ဆင်းသုခ၊ ရက်-၉၀၊ GW-11၊ ထိုင်းနှံကောက်စပါးမျိုးများအား အများဆုံးစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှသိရသည်။

အောင်သူ