မိုင်းဆတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်လာတတ်စေရန်၊ ဉာဏစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များကို နယ်လှည့်ငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကို မိုင်းဆတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Face Book Page မှ တဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)