ကွန်ဟိန်းမြို့၊ နမ့်ခမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နမ့်ခမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့ မွန်းလွှဲ(၁:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဇင်မာသွယ်မှ ​ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတရရှိ​စေမည့် အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသောသော အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြပြီး၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)