မြေပုံမြို့၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား အထက(မြေပုံ) ကျောင်သား/သူဟောင်းများအသင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မြေပုံ ဇူလိုင် ၁၁                             

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ မြေပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီး မြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က အထက (မြေပုံ)ကျောင်းရှိ ဦးစိန္တာခန်းမ၌ ကျောင်းသား/သူဟောင်းများအသင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် အ.ထ.က(မြေပုံ)မှ ကျောင်းသား၊ ကျောင်းသူ လေးများက “ပညာပန်းခင်းသီချင်း”ဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က  အဖွင့်အမှာစကား ပြောကြားရာတွင် "မိမိတို့ မြို့နယ်အနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူ များ ပေါ်ထွန်းလာခဲ့သည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါကြောင့် ယခုကဲ့သို့ နောင်လာမည့်ပညာ သင်နှစ်များမှာလည်း ထူးချွန်ထက်မြတ်သော ကျောင်းသား/သူလေးများပေါ် ထွန်းလာနိုင်ရန်အတွက် မိမိတို့ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သောအရာများကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အထက(မြေပုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်လှခင်က ဆုချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ဝမ်းသာပီတိစကား ပြောကြားခဲ့ပြီး၊ အထက(မြေပုံ) ကျောင်းသား/သူ ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးမောင်တင်စိုးက ဆုချီး မြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြေားကြားသည်။

ထို့နောက် အထက(မြေပုံ) ကျောင်းသား/သူ ဟောင်းများအသင်း၏ "အနာဂတ်ကြယ်ပွင့်တွ ေတောက်ပဖို့ ဒို့တွေ ဝိုင်းဝန်းထောက်မစို့" ဆောင်ပုဒ်နှင့်အညီ ဂုဏ်ထူးရကျောင်းသား/သူလေးများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးခိုင်လင်းနိုင်က (၆)ဘာသာဂုဏ်ထူးရှင် မောင်သန့်ဇင်မျိုးအား ဆုငွေ (၆) သိန်းအားလည်းကောင်း၊ အထက(မြေပုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက (၅)ဘာသာဂုဏ်ထူးရှင် (၃)ဦးအတွက် ငွေကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးက (၄)ဘာသာဂုဏ်ထူးရှင်(၄) ဦးအတွက် ငွေကျပ် (၁၆)သိန်းအားလည်းကောင်း၊ အထက(မြေပုံ)ကျောင်းသား‌/သူဟောင်းများ အသင်းဥက္ကဋ္ဌက (၃)ဘာသာဂုဏ်ထူးရှင်(၁၁) ဦးအတွက် ငွေကျပ်(၂၂)သိန်းအားလည်းကောင်း  မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက (၂)ဘာသာဂုဏ်ထူးရှင် (၆)ဦးအတွက်‌ ငွေကျပ်(၆)သိန်းနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၈၁)ဦးအတွက် ငွေကျပ် (၄၀)သိန်း (၅)သောင်း စုစုပေါင်းငွေကျပ်(၁၀၅၅၀၀၀၀)သိန်းအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း‌ အထက (မြေပုံ)ကျောင်းသား/သူဟောင်းများအသင်းက သိရသည်။

မြို့နယ် (ပြန်/ဆက်)