အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
Jul 11,2022
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဘားအံမြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 11,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက်ရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ၊ ဝင်ထွက်ဂိတ်(ဆင်ဖြူဂိတ်)အနီး ဆင်ဖြူအိမ်ယာပတ်လမ်းတစ်လျှောက်တွင် ယမန်နေ့မနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
Jul 11,2022
မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံတိုက်ကျွေးခြင်းများကို ဇူလိုင် (၆)ရက်​နေ့မှ စတင် ​ဆောင်ရွက်ပေးလျက်ရှိရာ ယ​နေ့အထိ ကလေးငယ်(၅၈၉)ဦးအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့​ကြောင်း သိရသည်။
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ကလေးများ ဉာဏ်ရည်တိုးတက်စေရန်အတွက် ကဗျာရွတ် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။