Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign အသိပညာပေးဆောင်ရွက်
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၌ BA-4 / BA-5 ကိုဗစ်- ၁၉ မျိုးကွဲ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေမောင်မောင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းကာ မြို့အတွင်း လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများဖြန့်ဝေခြင်း (Mask Campaign) ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်မှ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချချိန် စျေးကောင်းရရန် တောင်သူများမျှော်လင့်
Jul 25,2022
ကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးတွင်းကာလ မိုးများ ပုံမှန်ရွာသွန်းနေပြီဖြစ်သဖြင့် သီးနှံစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် နေကြာစံပြကွက်ကို ဒေသခံတောင်သူများအားပြသ
Jul 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် နေကြာစံပြကွက်ကို ဒေသခံတောင်သူများအား ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က တောင်သူဦးဝင်းကြိုင်၏ နေကြာ(၃)ဧက စိုက်ခင်းတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် မိုးစပါး (RS To CS) ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား မြေသြဇာ ကြဲပက်
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မိုးစပါး (RS To CS) ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား မြေသြဇာ ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရေလဲနှဲကောကျေးရွာရှိ တောင်သူဦးကျော်ဝင်းစိန်၏ လယ်ယာမြေ ၇ ဧကတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးရေမြောင်းများတူးဖော်ပေး
Jul 25,2022
ထားဝယ်မြို့တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီရေလာကောင်းမွန်စေ ရေးအတွက်ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကအဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့်ရေမြောင်းများတူးဖော်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လေယာဉ်ကွင်းလမ်းမကြီးလမ်းနံဘေးဘေးရေမြောင်း များ တူးဖော်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
Jul 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးစေရေး အသိညာပေးဟောပြောပွဲကျင်းပ
Jul 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် တစ်ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး မနောသုခစပါးမျိုးများ စတင်ပျိုးထောင်
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် စီမံကိန်းများရေးဆွဲပြီး (၅၂၈၁၇)ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီက စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာ ကွင်းအမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄၉-က) တောင်သူဦးမျိုးမြင့်ပိုင်ဆိုင်သော လယ်မြေ(၁၂)ဧကတွင် တစ် ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး စပါးတစ်ဧက တစ်တင်းနှုန်းအသုံးပြုပြီး သိပ္ပံနည်းကျစနစ်ဖြင့် စပါးမျိုးများ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16768
Page
16769
Page
16770
Page
16771
Current page
16772
Page
16773
Page
16774
Page
16775
Page
16776
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department