အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊  ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမှကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရ ာယ်ကြိုတင် ကာကွယ် နိုင်ရန်ရည်ရွယ်ပြီးယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းများတွင် သွေးလွန် တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
Jul 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္မဏီဖြင့် ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီခွဲအချိန်က မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၄/၇ အနီး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jul 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အသက်(၅)နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ  ကာကွယ် ဆေး( ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်(၉)နာရီအချိန်က အမှတ် (၂)အခြေခံပညာမူလတန်းလွန် ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jul 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jul 23,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအရိပ်ရစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်ခွဲကနွားထိုးကြီး-တောင်သာ၊နွားထိုးကြီး-မလှိုင်သွားကားလမ်းဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 23,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အနောက်ရပ် မြောက်ပိုင်းရပ်ကွက်၊ မွန်းလွဲ(၁)နာရီတွင် ဇော်ဂျီ ရပ်ကွက်၊ ညနေ(၃)နာရီတွင် အ.မ.က (ချင်းကျောင်း) တို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲက  အောင်ဇေယျဘက်စုံအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်နေကြောင်း သိရသည်။