မိုင်းခတ်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနက စိုက်ပျိုးထားသည့်​ နေကြာစံပြကွက်ကို​ ဒေသခံ​တောင်သူများအားပြသ

မိုင်းခတ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့်​​ နေကြာစံပြကွက်ကို​ ဒေသခံ​​​တောင်သူများအား ပြ​သ​​ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉နာရီခွဲအချိန်က​ တောင်သူဦးဝင်းကြိုင်​၏ နေကြာ(၃)ဧက စိုက်ခင်းတွင်ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​​ နေကြာစံပြကွက်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမြင့်စိုး၊ မြို့နယ်လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်​ကျေးရွာ၊ အုပ်စုအုပ်ချုပ်​ရေးမှူးများ​​ တောင်သူများစုစု​ပေါင်း(၄၀)ဦး တက်​ရောက်ခဲ့ကြပြီး​နေကြာစိုက်ပျိုးနည်းစနစ်နှင့် ပိုးပွှား​ရောဂါကာကွယ်​နှိမ်နင်းနည်း အသိပညာ​ပေး​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)