ထားဝယ်မြို့တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးရေမြောင်းများတူးဖော်ပေး

ထားဝယ် ဇူလိုင် ၂၅

ထားဝယ်မြို့တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်မွန်စေ ရေးအတွက်ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကအဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့်ရေမြောင်းများတူးဖော်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လေယာဉ်ကွင်းလမ်းမကြီးလမ်းနံဘေးဘေးရေမြောင်း များ တူးဖော်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စည်ပင်သာယာရေးအဖွဲ့များက အဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့် ထားဝယ်မြို့၊ လေယာဉ်ကွင်း လမ်းမကြီးလမ်းနံဘေး တိုင်းဒေသကြီး အားကစားကွင်းရှေ့မှ ထားဝယ်လေဆိပ်မုခ်ဦးအထိ လမ်းရေ ကျော်မှုမဖြစ်ပွားစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများ တူးဖော်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ပေးနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)