Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အမှိုက်နှင့် ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ကျေးရွာများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဇီးဖြူချောင်းကျေးရွာတွင် ပြည်သူလူထုပါဝင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်း-ဝမ်အောင်း လမ်းပေါ်ရှိ ပွန်ချောင်းတံတား(ဖားဆောင်း) ၈၃ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု
Jul 28,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဝမ်အောင်း-ချိကွဲ့-စောင်းလော့လမ်းပေါ်ရှိ ပွန်ချောင်းတံတား(ဖားဆောင်း)တည်ဆောက်နေမှုအား ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကျင်းပ
Jul 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က နွယ်ဝတီခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူ လျက်ရှိသည့်
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ(၉၈)ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm 5 Dose ထိုးနှံပေးခြင်းဆောင်ရွက်
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sino-pharm 5 Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး စက်မှုဇုန်လုပ်သားများနှင့် ပြည်သူများအားထပ်ဆောင်း ကာကွယ်ဆေးဆက်လက် ထိုး…
Jul 28,2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်၊ အမှတ်(၄၇)ရပ်ကွက်ဓမ္မာရုံ၊ အမှတ်(၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊ ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များe-ID ရေးသွင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စားသုံးဆီများကို ဈေးနှုန်းသက်သာစွာ ကျေးရွာအရောက်ကွင်းဆင်းရောင်းချ
Jul 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ယနေ့နံနက် ၁၀ နာရီက ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာသို့ ကွင်းဆင်းရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16740
Page
16741
Page
16742
Page
16743
Current page
16744
Page
16745
Page
16746
Page
16747
Page
16748
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department