အုတ်ဖိုမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များe-ID ရေးသွင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်

အုတ်ဖို ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းမှ ယမန်နေ့က မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အိမ်ထောင်စုလူဦးရေ စာရင် း(ပုံစံ-၆၆/၆) အချက်အလက် များကို ကွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများတွင် လက်ရှိမြေပြင်စာရင်း အမှန်ရရှိရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် သက်မှတ်အချိန် အကာလအတွင်း မှန်ကန်တိကျစွာ အချိန်မီရေးသွင်းနိုင်ရေး သတ်မှတ်ရက်အတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် အိမ်ထောင်စု စုစုပေါင်း (၃၃၇၆၉)စု၏  အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ