အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးဇော်မင်းယု၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနရှေ့နှင့် မြို့မစျေးကြီးရှေ့၌ ယနေ့နံနက် (၉:၀၀)နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 27,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် အသက်၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်နှင့် Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် မူကြိုကျောင်းဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာစားသုံးရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ( ၉ )နာရီအချိန်က ကျင်းပခဲ့သည်။
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။
Jul 27,2022
မွန်ပြည်နယ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး အာရုဏ်ခံတန်းဆောင်တွင် ဝါတွင်းကာလ တတိယအပတ်အဖြစ် ဘုန်းတော်ကြီးကျောင်းတိုက် (၅၀) ကျောင်းတို့တွင် ဝါဆိုသီတင်းသုံးနေကြသော သံဃာတော်အရှင်သူမြတ် (၃၆၇) ပါးတို့အား ဝါတွင်းကာလ ဝါဆိုနေစဉ်ကာလအတွင်း ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက် (၉) နာရီအခွဲအချိန်တွင် ဒေါ်လှချုံမိသားစု တန်းဆောင်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။