ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး စက်မှုဇုန်လုပ်သားများနှင့် ပြည်သူများအားထပ်ဆောင်း ကာကွယ်ဆေးဆက်လက် ထိုးနှံ

ဒဂုံမြောက် ဇူလိုင် ၂၈

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်၊ အမှတ်(၄၇)ရပ်ကွက်ဓမ္မာရုံ၊ အမှတ်(၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊  ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံသူ စက်မှုဇုန်လုပ်သား (၃၄၉) ဦး၊ (၄၇)ရပ်ကွက်၊ ဓမ္မာရုံတွင် (၁၁၅) ဦး၊  (၅၀)ရပ်ကွက် ဒေသန္တရတွင် (၁၁၁) ဦး၊ စုစုပေါင်း (၅၇၅) ဦးတို့အား Myancopharm နှင့် Covishield၊ Covaxin၊ Sinovac ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၃၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

မြင့်မြင့်ရီ