အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ဇန်နဝါရီ ၁၁ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများထားရှိရန် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှစ၍ ညစဉ် ၇ နာရီမှ ၁၀ နာရီထိ တာဝန်ရှိသူများသည် ရပ်ကွက်အလိုက် အသံချဲစက်ဖြင့် လှည့်လည်ဆောင်ရွက်ပေးသည်။
Jan 06,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 06,2026
ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
Jan 05,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။
Jan 05,2026
မန္တလေးတိုင်းဒေသကြီး ကျေက်ဆည်ခရိုင် ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးပြပွဲနှင့် အားကစားထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Jan 05,2026
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက ပလစ- ၂ (အမှတ် (၂) ပြင်ပ ပင်မလျှပ်စစ် အင်ဂျင်နီယာတပ်ရင်း)၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း စင်္ကြာမင်းခန်းမတွင် ကျင်းပသည်။
Jan 05,2026
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့် အခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုဖူးသူ(သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်း အောင်လက်မှတ်ရရှိပြီးသူများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လက်တွေ့အတတ်ပညာရပ်များ တတ်ကျွမ်းပြည့်ဝစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျွမ်းကျင်မှုအတတ်ပညာသင်တန်း(Job- Ready Skill) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။