Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 20,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့၊ နံနက်ပိုင်းက သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ လာရောက်ထုတ်ယူလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ ပြုလုပ်
May 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
May 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ခရိုင်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့တွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း (မြို့နယ်အဆင့်) ကျင်းပ
May 19,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်
May 19,2025
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက
May 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးဘေးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်၌ နွေသီးနှံ (၅၅၇) ဧက စိုက်ပျိုးနိုင်ပြီး မိုးသီးနှံအတွက် (၇၁၀၁၇) ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိ
May 19,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်နွေသီးနှံကို (၅၅၇) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ပြီး၊ ၂၀၂၅ အဓိက မိုးသီးနှံ(၇၁၀၁၇)ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1653
Page
1654
Page
1655
Page
1656
Current page
1657
Page
1658
Page
1659
Page
1660
Page
1661
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department