အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေများအား ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ဇွန်လ(၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့နယ် အမှတ်(၁၅)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Jun 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နေ့လယ်(၁)နာရီက “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Jun 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲနှင့် တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီသိုလှောင်ရောင်းချမှုအခြေအနေများကို ယနေ့နံနက် ၁၀နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌  မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်  ဝန်ထမ်းသား/သမီးများအား    ထောက်ပံ့ပစ္စည်းများ ပေးခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက  ငပု​တောမြို့မရဲစခန်းဝန်းအတွင်းရှိ  ဘုရားသုံးဆူ တန်ဆောင်း၌   ကျင်းပပြုလုပ် ခဲ့သည်။
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
Jun 09,2022
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။