Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၉ ရက်က အမှတ် ၁၇ ရပ်ကွက်၊ အ.လ.က. ၇ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာတက္ကသိုလ်၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 09,2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရွယ်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး
Jun 09,2022
မိုးကုတ်မြို့၊ ကျပ်ပြင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ပတ္တမြားကျောင်းတိုက်၊ ဓမ္မနန္ဒကျောင်းတိုက်၊လယ်တီဝံသကျောင်းတိုက်များမှ အသက်(၅)နှစ်မှ(၁၂)နှစ်၊ အသက်(၁၂)နှစ်မှ(၁၅)နှစ်၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ရှင်သာမဏေ၊ ကျောင်းသား၊ကျောင်းသူ(၁၆၀)ဦးအား ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ကျောင်းတိုက်အသီးသီးတွင် ယမန်နေ့နံနက် ၉:၃၀ နာရီမှ နေ့လယ် ၁ နာရီအတွင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်း၌ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်
Jun 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂ ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်ကာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာအဆင့် ကျောင်းသား / သူများအား စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိပြီး
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် မိုင်းအန္တရာယ်ကြောင့် ထိခိုက်/ဒဏ်ရာရ/သေဆုံးမှုများ မဖြစ်ပွားစေရေးအတွက် မိုင်းအသိ/မိုင်းသတိပညာပေး ဟောပြောပွဲကျင်းပ
Jun 09,2022
ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်း မိုင်းအန္တရာယ်ကြောင့်ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများမဖြစ်ပွားစေရေးအတွက် ဇွန် ၉ ရက် နံနက် ၉နာရီတွင်မိုင်းအသိ မိုင်းသတိအသိပညာပေး ဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှစ်စနူကာ၊ ဘတ်စကတ်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ညှိနှ…
Jun 09,2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှစ်စနူကာ၊ ဘတ်စကတ်ဘောပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) တက်ရောက်
Jun 09,2022
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/ ၂၀၂၂) ကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16437
Page
16438
Page
16439
Page
16440
Current page
16441
Page
16442
Page
16443
Page
16444
Page
16445
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department