ငပုတော ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ဝန်ထမ်းသား/သမီးများအား ထောက်ပံ့ပစ္စည်းများ ပေးခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ငပုတောမြို့မရဲစခန်းဝန်းအတွင်းရှိ ဘုရားသုံးဆူ တန်ဆောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေက ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်မိသားစု ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၂၀၂၂-၂၀၂၃) ပညာရေးနှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃)ဦးတို့အား ငွေကျပ် (၂၁၁၀၀၀) (နှစ်သိန်းတစ်သောင်း တစ်ထောင်)တိတိအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင် ဝန်ထမ်းများဝန်ထမ်းများ၏ သား/သမီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)