သီပေါ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီသိုလှောင်ရောင်းချမှုအခြေအနေများကို ယနေ့နံနက် ၁၀နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်း၌ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီအရောင်းဆိုင်များ အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေး၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ ဆောင်ရွက်ခြင်း ရှိ၊မရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့ရေနံထွက်ကုန်ပစ္စည်း သိုလှောင်ဖြန့်ဖြူးရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ပါဝင်ပြီး မြို့နယ်အတွင်းတရားမဝင် စက်သုံးဆီအရောင်းဆိုင်များမရှိပါကြောင်းနှင့် တရားဝင်ခွင့်ပြုထားသော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်(၂၃)ဆိုင်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)