အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။
Sep 09,2022
နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဆင်းရဲချို့တဲ့ အိမ်ထောင်စုများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက  မြဝတီရပ်ကွက်၊တဲကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ဆရာစံရပ်ကွက်၊နယ်မြေ(၁)တွင် ရောင်းချပေးရာ နေပြည်တော်ကောင်စီမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့် ဆန်များကို တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်နှင့်ဆရာစံရပ်ကွက်အတွင်းရှိ  ဆင်းရဲချို့တဲ့အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်တစ်ပြည်ကို (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။
Sep 09,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက အထက(ခွဲ)စျေးတန်း၌ ကျင်းပခဲ့သည်။
Sep 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပလောက်မြို့ Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး
Sep 09,2022
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ကို စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။