မိတ္ထီလာ စက်တင်ဘာ ၉
မိတ္ထီလာမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ယူရာတွင် စာသင်ကျောင်းဆောင်များ လိုအပ်ချက်မရှိစေရေးအတွက် အခြေ ခံပညာကျောင်း (၂၇)ကျောင်းတွင် စာသင်ကျောင်းဆောင်(၃၀) ကို ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားရာ၌ ကျောင်းဆောင်များ လိုအပ်ချက်မရှိစေရန်နှစ်စဉ် ဘဏ္ဍာ ရေးနှစ်အလိုက် စာသင်ကျောင်းဆောင်များ ဆောင်လုပ်လျက်ရှိ သည်။ ထိုသို့ဆောက်လုပ်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံငွေရင်း) ရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင်များ လိုအပ်လျက်ရှိသော အ.မ.က အင်ကြင်းကုန်း၊ အ.မ.က ကမ္မ၊ အ.မ.က အိုင့်(၂)၊ အ.မ.က ချမ်းအေးသာယာ၊ အ.မ.က သဘွတ်ကုန်း၊ အ.မ.က ကျောက်အိုး(၁)၊ အ.မ.က ထန်းတော(မွေ)၊ အ.မ.က မကျီးစု၊ အ.မ.က သဲတောညောင်အိုင်၊ အ.မ.က ညောင်ပင်သာ၊ အ.မ.က ကြာပင်အင်း၊ အ.မ.က မကျီးကုန်း၊ အ.မ.က ဒဟတ္တန်းလေး၊ မူလွန် ကြွယ်ကန်၊ မူလွန် ညောင်ပင်သာ၊ အ.လ.က(ခွဲ) ကမ္ဘားတဲ၊ အ.လ.က(ခွဲ) ပျဉ်သာ၊ အ.လ.က ကန်သာ၊ အ.ထ.က(ခွဲ) မွေ၊ အ.ထ.က(ခွဲ) သဖန်းပင်ရိုး၊ အ.ထ.က (ခွဲ) သိမ်ကုန်းစသည့် အခြေခံပညာကျောင်းတို့တွင် တစ်ထပ် ကျောင်းဆောင် (၂၄)ဆောင်နှင့် အ.လ.က ကူတော်၊ အ.လ.က အရှေ့ညောင်ကုန်း၊ အ.ထ.က(ခွဲ) ဒီဒုတ်တောင်၊ အ.ထ.က ဂွေ့အိုင်၊ အ.ထ.က ဖက်တော၊ အ.ထ.က(၂)စသည့် အခြေခံပညာကျောင်း တို့တွင် နှစ်ထပ်ကျောင်း ဆောင် (၆)ဆောင်တို့ကို ဆောက်လုပ်လျက်ရှိသည်။
အဆိုပါ စာသင်ကျောင်းဆောင်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြစ်သည့် မဟာမင်းခန့်၊ နေ့သစ်ဦး၊ မဏိသုခ၊ လင်းမြတ်အိမ်၊ အောင်မင်းမဟာ၊ Helium Engineering ၊ Grown ၊ Bright Star Wave ကုမ္ပဏီများက တာဝန်ယူ၍ စာသင်ကျောင်းဆောင်များအား သြဂုတ်လ စတုတ္ထအပတ်မှစတင်၍ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)