သာပေါင်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဥ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးမပြတ် ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ပြီး ပြီးစီးမှုပြန်လည်တင်ပြရန်၊ အိမ်ထောင်စု(၆၆/၆)၊ မြေပြင်လူဦးရေ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မိမိတို့ဌာနနှင့် သက်ဆိုင်ရာများ ဖြေရှင်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများ ပြည်သူများသို့ ရှင်းလင်းပြောကြားရေး ဆောင်ရွက်ရန်၊ စီမံကိန်း(၂ဝ၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွင်မည့် နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု အစီအစဥ်ရေးဆွဲ တင်ပြရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)