အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ခုနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်၁၁နာရီအချိန်တွင် ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 13,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများတွင် အသက် (၁၂) နှစ်မှ (၁၅) နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀၀) ခန့်အား  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော် ပြောပြ၍ သိရသည်။
Sep 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့မှ ယနေ့နံနက် ၇ နာရီခွဲက ဇေယျာသီရိ‌ဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့သည်။
Sep 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 13,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (Top Technics Co..,Ltd (QC)မှ မြို့နယ်အတွင်းရှိ စစ်ဆေးရန် စာချုပ်ချုပ်ဆိုပြီးသော တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ အ.ထ.က အိုးသည်ကုန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာ၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍
Sep 13,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အိုမီခရွန်မျိုး ရိုးဗီဇပြောင်းရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေနံနက် ၈ နာရီအချိန်က မြို့မစျေး၊ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် သွားလာနေကြသော ဒေသခံပြည်သူများ၊ စျေးဝယ်သူများအား Mask Campaign အခမဲ့ဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။