ဝမ်းတွင်းဈေးကြီးတွင် Mask Campaign ပြုလုပ်

ဝမ်းတွင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ဝမ်းတွင်းဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အတွင်း Mask Campaign ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ရာတွင် နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အချက်များကို အလေးထားလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်အတွက် နေအိမ် ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များကို  စနစ်တကျတပ်ဆင်သွားကြရန် စသည့်ရည်ရွယ်ချက်များဖြင့် Mask Campaign ကို ပြုလုပ်ရခြင်းဖြစ်ပြီး ဈေးကြီးအတွင်းရှိ ဈေးသည်ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင် သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး ဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများအား Mask (၃,၅၀၀) ခု ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲမျိုးသက်(ဝမ်းတွင်း)