မြိတ်မြို့နယ် ‌မြိတ်တောင်ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၅၈၀)စုအား စေတနာရှင်များက ဆန်(၃)ပြည်နှုန်းစီ လှူဒါန်း

မြိတ်  စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၅၈၀)စုအား မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ဆန်(၃)ပြည် နှုန်းစီ လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အင်းလေးမြိုင်၊ အင်းလေးကမ်း၊ ရာပြည့်၊ ရွှေပြည်တန်၊ တရုတ်တန်းရပ်တို့တွင် နေထိုင်ကြသော စားဝတ်နေရေးခက်ခဲနေသော အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃) ပြည်နှုန်းစီကို လှူဒါန်းပေးခြင်း ဖြစ်သည်။

ယခုလို လှူဒါန်းခြင်းသည် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား ဆန်(၃)ပြည်နှုန်းစီကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်း၊ မြိတ်တောင် အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင် အလှူရှင်များက တစ်ဦးချင်း လှူဒါန်းပေးအပ်ခဲ့ကြသည်။

စားဝတ်နေရေးခက်ခဲသော မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား ဆန်(၃)ပြည်နှုန်းစီဖြင့် ပထမအကြိမ်တွင် အိမ် ထောင်စု(၄၀၀)စုအား လှူဒါန်းပေးပြီးဖြစ်ကြောင်း၊ ကျေးရွာအုပ်စုအတွင်းကျန်ရှိသော ရပ်ကွက်များရှိ စားဝတ်နေရေးခက်ခဲသော အိမ် ထောင်စုများကိုလည်း စေတနာရှင်အလှူရှင်များက ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)