စဉ့်ကိုင် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက် (၈) နာရီခွဲ ကပလိပ်ကျေးရွာအုပ်စု ပလိပ်စျေးရှေ့လမ်းမကြီးနှင့် စျေးအတွင်း Mask Campaign လှုပ်ရှားမှုနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign လှုပ်ရှားဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ကြသည့် အလေ့အကျင့်ကောင်းများ ဆက်လက်ကျင့်သုံးလိုက်နာစေရေးပြောကြားပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အသိပညာပေးလက်ကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့၀င် (၂) ဦးအောင်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နှာခေါင်းစည်း Mask (၁,၄၀၀) ခုကို စျေးအရှေ့လမ်းမကြီးနှင့် စျေးအတွင်းစျေးရောင်းသူ၊ စျေး၀ယ်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)