မြစ်သား စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး (တရားလွှတ်တော်ရှေ့နေ) ဒေါ်ထွန်းထွန်းမော်မှ ကလေး အလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း စသည့်အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ရဲနိုင်ဦး(မြစ်သား)