နတ်မောက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) အချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
“စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့်စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်”ဟု မြို့နယ် ပြန်/ ဆက်ဦးစီးအရာရှိက ပြောကြားသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁) ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။
ဖြိုးဖြိုး (ပြန်/ ဆက်)