သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်

သာပေါင်း စက်တင်ဘာလ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ Software Program ဖြင့် Database ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယနေ့ စက်တင်ဘာလ ၁၅ နေ့ နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြရာ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အသေးစိတ် ရှင်းလင်းခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူတစ်ဦးချင်းကိုယ်ရေး အချက်အလက်များ မှန်ကန်စေရေး နိုင်(၄)မှတ်တမ်းများ၊ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အိမ်ထောင်စု ပမာဏမူတည်ကိန်းအရ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း (၄၁၉၀၇)စု၊ လူဦး‌ရေ (၁၅၉၆၅၂)ဦးတို့ကို Database ရေးသွင်းရမည်ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ နေ့ညမပြတ်အဖွဲ့ (၂)ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အိမ်ထောင်စု (၃၆၇၆၅)စု၊ လူဦးရေ(၁၃၉၁၁၅)ဦး၊(၈၇.၇၂)ရာခိုင်နှုန်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်သွယ်ထံမှ သိရသည်။

မျိုးဇော်သိန်း ( ပြန်/ဆက်)