မြို့သစ် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မြို့သစ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ပုလင်းကျေးရွာအနီးရှိ သဘာ၀ရေပြင်ဖြစ်သော ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့သစ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာ၀န်ခံနှင့်၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ ၀န်ထမ်းများက ငါးမြစ်ချင်းနှစ်သိန်းကို ပုလင်းချောင်းအတွင်း စိုထ်ထည့်ပေးခဲ့ကြသည်။
ထိုသို့ငါးမျိုးများ စိုက်ထည့်ပေးခြင်းဖြင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊ သဘာ၀အတိုင်း ငါးမျိုးပေါက်ဖွားစေရန်ရည်ရွယ်ပြီး စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ ဆက်)