(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

လွိုင်ကော်  စက်တင်ဘာ  ၁၅

ကယားပြည်နယ် ရဲတပ်ဖွဲ့မှဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်  စုပေါင်းသွေးလှူဒါန်းခြင်းကို ခုတင် (၅၀၀) ဆံ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။

အဆိုပါသွေးလှူဒါန်းနေမှုအား ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦး၊  လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထင်အောင်လင်း၊ လွိုင်ကော်ပြည်သူ့ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူတို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအရာရှိ/အရာခံ/အကြပ်/ တပ်သား/ရဲမေ တပ်ဖွဲ့ဝင် စုစုပေါင်း (၁၅)ဦး သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သွေးလှူဒါန်းခဲ့ကြသော  ရဲအရာရှိ/အရာခံ/အကြပ်/ တပ်သား/ရဲမေ တပ်ဖွဲ့ဝင်များအား ကယား ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦး၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထင်အောင်လင်း၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းခိုင်၊ ရောဂါရှာဖွေရေးမှ ဒေါက်တာမြမြနှင်းနှင့် တာဝန်ရှိသူတို့က ဖြည့်စွက်အာဟာရများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)