ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်၌ ဆင်းသုခဆန်များကို တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး

ငါးသိုင်းချောင်း စက်တင်ဘာ ၁၅

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများ စားစရိတ် သက်သာစေရန် ရည်ရွယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ဆင်းသုခဆန် တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချ ပေးလျက်ရှိသည်။

မြို့သစ်ရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၆.၉.၂၀၂၂) ရက်နေ့တွင် အခြေခံ စားသောက်ကုန်များကို ရပ်ကွက်နေပြည်သူများအား ရောင်းချပေးခဲ့ပြီးဖြစ်သော်လည်း ရပ်ကွက်တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများပြားသည့်အတွက် စေတနာရှင် အလှူရှင်များ၏ စေတနာဖြင့် တစ်ရက်လျှင် ဆင်းသုခဆန် (၅)အိတ်နှုန်းဖြင့် (၁၄.၉.၂၀၂၂)မှ (၁၆.၉.၂၀၂၂)ထိ (၃)ရက်တိတိ နံနက်(၉)အချိန်တွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။ ယခုအချိန်တွင် စျေးများ၌ ဆင်းသုခဆန်တစ်ပြည်လျှင် ကျပ် ၂၀၀၀ ဝယ်ယူနေရသော ကြောင့် ရပ်ကွက်နေပြည်သူများကို စားသောက်စရိတ်သက်သာစေရန် ရည်ရွယ်၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)