အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အမှတ်(၂) အ​​ခြေခံပညာအထက်တန်း​ကျောင်းစိန်ရတုခန်းမတွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်း​စေခြင်းခံရ​သော က​လေးအလုပ်သမားဖယ်ရှား​ရေးနှင့် ပြန်လည်ကုစား​ရေး အသိပညာ​ပေး​ ဆွေး​နွေးပွဲကို ယ​နေ့ နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Sep 20,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၏ အိမ်ထောင်စုလူဦးရေစာရင်းများ Main Serverသို့ ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ် ချီးမြှင့်ပွဲ  ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ၁၈ရက်နေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဖြစ်ပွား/သေဆုံးမှုနှုန်း လျော့ချနိုင်စေရန်နှင့် "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် တတိယအကြိမ် Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
Sep 20,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိသည်။
Sep 20,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှု ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း​ဆွေး​နေ့းပွဲကို ယမန်​နေ့ည​နေ ၃ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က အလယ်တန်းဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Sep 20,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်များ နှင့်အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။