ဒဂုံမြောက် စက်တင်ဘာ ၂၀
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ ဖွဲ့စည်းထားသော ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကျပ် (၁၆၀၀) နှုန်း၊ ဆီငါးဆယ်သား တစ်ပုလင်းလျှင် (၂၄ဝဝ)ကျပ်နှုန်း၊ ကြက်ဥငါးလုံး (၈၇၅)ကျပ်နှုန်းတို့ဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ရပ်ကွက်တစ်ခုစီကို အလှည့်ကျစနစ်ဖြင့် ရောင်းချပေးလျက်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ