ရွှေဘိုမြို့ အထက(၂)တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရွှေဘို  စက်တင်ဘာ  ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အမှတ်(၂) အ​​ခြေခံပညာအထက်တန်း​ကျောင်းစိန်ရတုခန်းမတွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်း​စေခြင်းခံရ​သော က​လေးအလုပ်သမားဖယ်ရှား​ရေးနှင့် ပြန်လည်ကုစား​ရေး အသိပညာ​ပေး​ ဆွေး​နွေးပွဲကို ယမန်​နေ့ နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ခရိုင်မံစီအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ မြန်မာနိုင်ငံသည် က​​လေးသူငယ်အခွင့်အ​ရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်​ကြောင်း၊ က​လေးသူငယ်အခွင့်အ​ရေးများ ပိုမိုရရှိ​စေ​ရေးအတွက် က​လေးသူငယ်ဆိုင်ရာ ဥပ​ဒေများပြဌာန်း​ခဲ့ပြီးဖြစ်​ကြောင်း၊​ ရွှေဘိုခရိုင်က​လေးသူငယ်ဆိုင်ရာ​ ကော်မတီဝင်များအ​​နေဖြင့် က​လေးအလုပ်သမားနှင်သက်ဆိုင်သည့် ဥပ​ဒေ၊ နည်းဥ​ပေ၊ ပြစ်ဒဏ်များကို​ဒေသခံပြည်သူများ က​လေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိ​ရေးအသိပညာ​ပေး​ ဆောင်ရွက်ကြရန်နှင့် က​လေးအလုပ်သမားများ တ​ဖြေး​​ဖြေး​လျော့နည်းပ​ပျောက်​ရေး ဝိုင်းဝန်းလက်တွဲပူး​​ပေါင်း​ဆောင်ရွက်​ပေးကြ​စေလို​ကြောင်း​ ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှု့ဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား​ရေးမှူး​ဒေါ်စိမ်းလဲ့လဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပ​ဒေစစ်​ဆေး​ရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်ညွန့်ညွန့်​ဌေးတို့က​လေးအလုပ်သမားပ​ပျောက်​ရေး ရည်မှန်းချက်(၃)ရပ်၊ က​လေးအလုပ်သမားအဓိပ္ပာယ် က​လေးအလုပ်သမားများ၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်း​စေခြင်းအန္တရာယ်ရှိသည့် လုပ်ငန်း/ အလုပ်၊ က​လေးသူငယ်ဘဝ​ဘေးကင်းလုံခြုံ​ရေး၊ လုပ်ငန်းရှင်များအတွက်က​​လေးသူငယ်အခွင့်အ​ရေးဆိုင်ရာမှုများ က​လေးများအတွက်အန္တရာယ်ရှိပြီး​ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ က​​လေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပ​ဒေနည်းဥ​​ဒေ၊ ပြစ်မှု့နှင့်ပြစ်ဒဏ်များအ​​ကြောင်း စသည်တိုကို​ အကျယ်တဝင့် ဟော​ပြောခဲ့ပြီး လက်ကမ်းစာ​စောင်များဖြန့်ဝေခြင်း၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် က​လေးအလုပ်သမားပ​ပျောက်​ရေး နံရံကပ်စာ​စောင်များကို ကြည့်ရှုလေ့လာခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်