Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျော်ဘွယ်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 22,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဦးဆောင်၍ လူစည်ကားသည့်နေရာများ၊ ပြည်သူဈေး၊ စာသင်ကျောင်းများနှင့် မော်တော်ယာဉ်ဂိတ်များတွင် ယနေ့နံနက် (၉) နာရီမှ စတင်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 22,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံပေး
Sep 22,2022
ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် အလုံမြို့နယ်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ်ဆောင်းသီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ
Sep 22,2022
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက် ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က မြို့မကျောင်းနှင့် အ.မ.က ဘဝမ်းချောင်းဝစုရပ်ကွက် ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Sep 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 22,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲချိန်က အမှတ်(၃) ရပ်ကွက် မြို့မစျေးကြီးရှေ့နှင့်လမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15846
Page
15847
Page
15848
Page
15849
Current page
15850
Page
15851
Page
15852
Page
15853
Page
15854
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department