အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံပေး

အလုံ   စက်တင်ဘာ    ၂၂

ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် အလုံမြို့နယ်ခန်းမ၌  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတ့င်   ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံသူ(၃၇)ဦး၊ ပထမအကြိမ်ထိုးနှံသူ(၃၂)ဦး စုစုပေါင်း(၆၉)ဦးတို့အား ထိုးနှံပေးခဲ့ပြီး အလုံမြို့နယ်တွင် ပထမအကြိမ်ထိုးနှံပြီးသူ (၂၈၆၇၅)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ(၂၇၂၉၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများပူးပေါင်း ၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ စစ်ကြောင်းကြီး(၅)ကြောင်းမှ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းများမှ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသန်းသန်းထွေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တာဝန်ရှိသူများမှ   လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)