ရသေ့တောင်မြို့၌ မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရသေ့တောင် စက်တင်ဘာလ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ထွေ‌ထွေအုပ်‌ရေးဦးဌာနမှ စာရေးများ၊ လူဝင်မှုကြီးကြပ်‌ရေးဦးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက်များရှိ အခြေခံလူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)