ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မိမိတို့မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးကိစ္စရပ်များ၊ လက်ရှိအခြေအနေများနှင့် ဌာနဆိုင်ရာများ၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြစေရန်ပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်လျက်ရှိနေသည့် တည်ဆောက် ရေးအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)