မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ငါးရိက္ခာဖူလုံစေရန်နှင့် ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မျိုးဆောင် ငါးသလောက်ငါးများ သားပေါက်ရန် ဘိုကလေးမြစ်ကြောင်းမှ ရေချိုသို့ရွှေ့ပြောင်းသွားလာသည့် ရာဇူတိုင်မြစ်ကြောင်းတစ်လျှောက်တွင် စက်တင်ဘာ(၁၅)မှ အောက်တိုဘာ(၁၅) ရက်နေ့အထိ မျိုးဆောင်ငါးသလောက်ငါးများ ဖမ်းဆီးမှုမရှိရေး အသိပညာပေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ရာဇူတိုင်မြစ်ကြောင်းတစ်လျှောက် ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
အဆိုပါ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြိုနယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးနှင့် တာဝန်ရှိသူများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရေလုပ်သားများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပေးတားမြစ်ချက် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အောင်အောင်(ပြန်/ဆက်)