ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီအစည်းအဝေး ကျိုင်းတုံမြို့၌ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ကော်မတီ၏ အစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးအလုပ်သများပပျောက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ် နှီးနွယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများသာမက ပြည်သူလူထုနှင့် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍  ကျိုင်းတုံခရိုင်အဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကလေးများအား ကလေးအလုပ် သမားခိုင်းစေမှု၊ အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး၊ ဉပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိသည့် ကလေးအလုပ်သမားများအား  ဉပဒေနှင့်အညီထိရောက်စွာ ကာကွယ်ပေးရေး၊ အန္တရာယ်ရှိသော  ကလေးအလုပ်သမားများ ဖယ်ရှားရေး၊ ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)