ဘိုကလေး စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရုံးတွင် ယနေ့နံနက်(၉)နာရီမှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကဒ် မပြုလုပ်ရသေးသည့် အမှတ်(၈)ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးလျက်ရှိသည်။
ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ၊ ဒုတိယဦးစီးမှူး၊ ဒေါ်အေးအေးခင်နှင် အဖွဲ့မှ ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ပြီး ဆောင်ရွက်ပြုလုပ်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းမှ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း၊ အဆိုပါ နိုင်ငံသားစိစစ်ရေးကဒ်များအား သတ်မှတ်ချက်များနှင့် အညီပြည့်မှီသည့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်မဖြစ်မနေ ကိုင်ဆောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့်ကျန်ရှိနေသော ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း သတ်မှတ်ရက်များအလိုက် ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)