သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်၊ အထွက်ဂိတ်များတွင် စဉ်ဆက် မပြတ် ကြပ်မတ်စစ်ဆေးအရေးယူ

သာပေါင်း အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ (ပိန္နဲကုန်းဂိတ်)မြို့အဝင်၊ အထွက် စစ်ဆေးဂိတ် တွင် အရေးယူဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်‌ ဆောင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တပါတည်းယူဆောင်လာကြရန်၊ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန် မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးစစ်ဆေးခြင်း၊ လိုင်စင်မဲ့ ယာဉ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနှင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်း မေးသိုင်းကြိုး တပ်ဆင်၍ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး စိစစ်အသိပညာပေးခြင်းများ၊ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း စစ်ဆေးအရေးယူခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း