ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား သိရှိလိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် စတုတ္ထအကြိမ်မြောက် Mask Campaign ပြုလုပ်

မင်္ဂလာဒုံ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်  မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၌ ယနေ့နံနက် ()နာရီခွဲအချိန် က ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်း ဦးခေါင်းဆောင်သော အဖွဲ့များနှင့် ဈေးတာဝန်ခံဥက္ကဋ္ဌ ဒေါ်သိင်္ဂီနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယခုလို စဉ်ဆက်မပြတ်ဆောင်ရွက်နေရခြင်းမှာ စျေးအတွင်း၌ ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအား လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် နေအိမ်ပြင်ပသို့မဖြစ်မနေ သွားလာရမည်ဆိုပါက  Mask နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရေးကို Hand Speaker (လက်ကိုင်လော်အသေး) ဖြင့် လိုက်လံအသိပေးကြေညာခြင်းနှင့်  Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)