လောင်းလုံး အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေပြည်သူများ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းကပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Volunteer သည်အဖွဲ့များတို့က မြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်ထားသည့်နေရာများသို့ လှည့်လည်ကာ Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှုပြန်လည် ဖြစ်ပွားလာပြီးဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက် နာကြရန်၊ ပြည်သူများအိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ကာကွယ် အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)