ဟင်္သာတ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အရန်မီးသတ်(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် မီးသတ်စခန်း အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စွာထွန်းမှ မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်၍ သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ကြောင်း အရန်မီးသတ် တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင်မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးနောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြော ကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ အောက်တိုဘာ ၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဇော် - ဟင်္သာတ