အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများကို ယနေ့နံနက်(၉)နာရီက ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ရတနာပုံရပ်ကွက်၌ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Oct 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့်ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Oct 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး ရေကျအဆောက်အအုံများ၊  ပျက်စီးနေသည့်ရေပေး ပြွန်များ ပြန်လည်ပြုပြင်ခြင်းနှင့် သဲနုန်းများပြန်လည်တူးဖော်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရန်ဒိတ်မြောင်း၌ သဲနုန်းများတူးဖော်ပေးခဲ့ရာလုပ်န်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် သီးနှံမျိုးစုံ (၆၀၇) ဧက ရေပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးဦးစီး၍
Oct 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့်   အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး     Book  Club အဖွဲ့ဝင်များက စာရေး ဆရာ ကလောင်စုံ၏   တာဝန်သိစိတ်တာဝန်ယူစိတ်အား ယနေ့နံနက် ၁၀ နာရီအချိန်က သံတောင် ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ
Oct 07,2022
ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာ၊ မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်၊ ကတ္တရာကွန်ကရစ် ထုတ်လုပ်ခြင်းစက်ရုံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ စီမံကိန်းအကြောင်းအရာ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀)အချိန်တွင် မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်၏ သာယာအေးရုံးခန်းမ၌ ကျင်းပခဲ့သည်။
Oct 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ မြို့သာယာလှပ‌လာ‌စေရေးနှင့်‌ ဒေသ‌နေပြည်သူများ၏ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၅၄) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းအား  ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။