သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီးအောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့်   အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book  Club အဖွဲ့ဝင်များက စာရေးဆရာ ကလောင်စုံ၏   တာဝန်သိစိတ်တာဝန်ယူစိတ်အား ယနေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  သံတောင်ကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ  နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားပြီး နော်ဆွိလဲ(Book Club) အဖွဲ့ဝင်က  စာအုပ်ပါအကြောင်းအရာတွင်   ခေါင်းစဉ်ငယ်ဖြစ်သည့်  ရွှေသမင်ဘယ်ကထွက်၊  တာဝန်ယူခြင်းအလှတရား၊ ဘော်လီလောနှင့်ကျောပိုးအိတ်၊  ကိုယ့်တွက်ကိုယ့်တာ သိစေရာဖို့၊  တာဝန်ရှိမှုနှင့် တာဝန်ယူမှုစသည်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်မီးမီး(Book  Club ) အဖွဲ့ဝင်ကအကောင်းဆုံးအတွက် တာဝန်သိဖို့လိုတယ်၊ တာဝန်ယူစိတ်နှင့် အရည်အသွေး၊ တာဝန်ကိုယ်စီနှင့်အရည်အသွေး၊ တာဝန်ကိုယ်စီရှိကြသည် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက  စာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ