ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး ရေကျအဆောက်အအုံများ၊ ပျက်စီးနေသည့်ရေပေး ပြွန်များ ပြန်လည်ပြုပြင်ခြင်းနှင့် သဲနုန်းများပြန်လည်တူးဖော်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရန်ဒိတ်မြောင်း၌ သဲနုန်းများတူးဖော်ပေးခဲ့ရာလုပ်န်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် သီးနှံမျိုးစုံ (၆၀၇) ဧက ရေပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ သဲနှုန်းများတူးဖော်ရန်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၀.၀၀၀)ကျပ်သန်းအကုန်အကျခံ၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး သဲနုန်းများပို့ကျနေသည့် ညွှန့်ပင်၊ သပြေကုန်းကျေးရွာအနီးမှ မြောင်းအတွင်းအရှည်ပေ(၁၁၀၀၀) အတွင်းရှိသဲနုန်း ကျင်း(၁၁၀၀) ကျင်းတူးပးခြင်းဖြစ်ကြောင်း သိရသည်။
သဲနုန်းများတူးဖော်ပေးခြင်းကြောင့် ရန်ဒိတ်မြောင်းမှ ရေပေးဝေနေသည့် သီးနှံမျိုးစုံ(၆၀၇)ဧက ရေပေး ဝေရာတွင် ရေစီးရေလာကောင်မွန်ပြီး မြောင်းဆုံးမြောင်ဖျားအထိ သတ်မှတ်ရေပမာဏပြည့်မီစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)