သံတောင်ကြီးဒေသတွင် တောင်ပေါ်ကွမ်းကြမ်းများဈေးနှုန်း အနည်းငယ်ကျဆင်း

သံတောင်ကြီး အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့်ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့်ခူးယူပြီး ယခုအောက်တိုဘာလ ပထမအပတ်မှစ၍ ဒုတိယကြိမ်တောင်ပေါ်ကွမ်းကြမ်းများကို စတင်ခူးယူ လျက်ရှိသည်။ မိုးအကုန်ဆောင်းအကူးတောင်ပေါ် ကွမ်းကြမ်းများသည် အထွက်နှုန်းနည်းပြီးဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းလျက်ရှိသည်။ နွေရာသီတောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ် (၁၀၀၀၀)မှ ကျပ် (၁၅၀၀၀)ထိရရှိပြီးယခုချိန်တွင်တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ် (၈၀၀၀)မှ ကျပ် ( ၁၀၀၀၀) ထိသာရရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

စောမင်းသား